လိင်တံအရေပြား ရှည်တွဲကျနေရင် ဖြတ်ထုတ်သင့်လား
ယောကျာ်းလေးတိုင်းမှာ လိင်တံနဲ့ လိင်တံထိပ်ပေါ်မှာ အုပ်ပေးထားတဲ့ အရေပြား (Foreskin) ဆိုတာ မွေးရာပါ ပါရှိပါတဲ့အရာတစ်ခုပါ။ လိင်တံထိပ်မှ ဆီးထွက်ရာအပေါက်ကို ပိတ်အုပ်မနေစေဖို့ရာ ဒီအရေပြားဟာ လိင်တံပေါ်မှာ တင်းရင်းစွာကပ်လျက် ရှိနေသင့်ပါတယ်။
များသောအားဖြင့် မွေးကင်းစအရွယ် (သို့) နှစ်အတန်ငယ်ကြာလျှင် ဒီအရေပြားဟာ လျော့တွဲရှည်ကျရာမှ သူ့အလိုလို တင်းရင်းပြေပြစ်လာတတ်ပါတယ်။ တစ်ချို့သောမိဘများဟာ မိမိတို့သားငယ်များ လိင်တံအရေပြားရှည်နေသည်ကို ဆရာဝန်များထံမှ ညှပ်ထုတ်ပစ်ကာ မလိုလားအပ်တဲ့ ဆိုးကျိုးများ ရှောင်ရှားချင်၍ဖြစ်စေ ၊ ဘာသာရေးအယူအရ ဖြစ်စေ Circumcision (လိင်တံအရေပြား လှီးဖြတ်မှု) ခံယူစေပါတယ်။
အကယ်၍ Circumcision မလုပ်ပေးလိုသူ မိဘတွေကတော့ သားသားတို့ကို အရေပြားမတင်းသေးခင် ရှည်နေသောကာလမှာ ရှူးပေါက်ရာမှာ အရေပြားကို လက်ဖြင့်နောက်သို့ပင်တင့်တတ်အောင် သင်ထားပေးသင့်ပါတယ်။
ပင့်တင်ရာမှာလည်း ဆီးထွက်မဲ့အပေါက်ကို မြင်ရသည်အထိဖြစ်အောင်၊ သွေးမထွက်အောင်၊ အနာတရမဖြစ်အောင် ဂရုပြုဖို့ လိုပါတယ်။ ဆီးသွားပြီးရင် (သို့) ရေချိုးတိုင်း သားသားတို့ရဲ့ ဂျိုးလေးကို သေချာသန့်စင်ဖို့ သင်ပေးသင့်ပါတယ်။
လိင်တံအရေပြားရှည်နေခြင်းကြောင့် ဆီးသွားရခက်ခြင်း၊ ဆီးအပြင်မထွက်ဘဲ ထိပ်မှာဖောင်းလာခြင်း၊ ဆီးသွားချိန် ကြာမြင့်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ဆီးပူ၊ ဆီးကျဥ်၊ ဆီးအောင့်၊ စသည်) ၊ လိင်အင်္ဂါယောင်ယမ်းနာကျင်ခြင်း များကြုံတွေ့လာရပြီဆိုလျှင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများသို့ သွားရောက်ကာ အရေးပေါ်သွားရောက်ကုသမှုခံယူသင့်ပါတယ်။
ဒီလိုမှမဟုတ်ပဲ လိင်တံအရေပြား ဖြတ်တောက်မှုပြုလုပ်ဖို့ ရွေးချယ်တော့မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို သိထားဖို့လိုပါတယ်။
- ခွဲစိတ်မှုက သိပ်မကြာပါဘူး။ ကလေးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ ၅ မိနစ်ကနေ ၁၀ မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ အနာကျက်ဖို့ ၅ ရက်ကနေ ၇ ရက်လောက် စောင့်ရပါတယ်။
- ဖြတ်တောက်ပြီးတဲ့အခါ လိင်တံကို သန့်ရှင်းတဲ့နေရာမှာ ပိုလွယ်ကူသွားပါတယ်။
- ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
- လိင်ကတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးတယ်။
- လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့မရတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်တယ်။
- လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။
ကဲ ဒီလိုဆိုရင် လိင်တံအရေပြားရှည်ခြင်း၊ တွဲကျခြင်းနဲ့ လိင်တံအရည်ပြား ဖြတ်ခြင်းအကြောင်းတွေကို အကြမ်းဖျဉ်းအားဖြင့် သဘောပေါက်သွားကြဖို့ မျှော်လင့်မိပါတယ်။
Dr. May Myat Tun